ပေါက်တော ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား ဆဋ္ဌမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covidshield 11 doses)စတင်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ် မြို့နယ်သာသနာ့ဗိမာန်နှင့် ကျေးလက် ကျန်းမာရေးဌာနစုရပ် (၁၀)နေရာတို့တွင် ယနေ့နံနက်(၉)နာရီက စတင်ထိုးနှံ ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာစုရပ်များသို့ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ကာကွယ်ဆေး ထိုးနှံခြင်းများအား စနစ်တကျ ကာကွယ်ဆေးထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းက စာရင်းကောက်ယူခြင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးလက်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်း များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေးဆက်လက် ထိုးနှံပေးကြသည်။ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌဦးကျော်ဝင်း နှင့် အဖွဲ့ဝင်များက ဆေးထိုးနှံပြီးခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့်ရှောင်ရန်၊ ဆောင်ရန်အချက်အလက်များကို အလေး အနက်ထားဆောင်ရွက်ကြပြီး မိမိကအစကာကွယ်ကြစေလိုကြောင်း ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားနေဆဲကာလအတွင်း စီးပွားရေး လူမှုရေး များ အခက်အခဲ ရှိခဲ့ကြသော်လည်း စိတ်ဓါတ်မကျကြစေလိုကြောင်း အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်