ကျောက်ဆည် ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာအုပ်၊စာပေ များဖတ်ရှုခြင်း အားဖြင့် အသိပညာ ဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှုအသိဉာဏ်များ ပိုမိုရင့်သန်စေရန် နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန် အတွက် စာဖတ်ရှိန်မြင့်မားရေး စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အတွဲ-၁၉၊ အမှတ်-၁၊ ဒို့ကျေးရွာဂျာနယ်မှ "တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ ထိန်းသိမ်းစောင့်ရှောက် အပ်သောအရာ" အကြောင်းအရာများအား အသီးသီးဖတ်ကြားခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)