ကျောက်တံတား ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Centre ခန်းမတွင် ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်ဦးစီးမှူးဒေါ်စိုးယုလှိုင်မှ သင်ကြားပေးခဲ့ရာမြို့နယ်Women Club အဖွဲ့ဝင်များမှတက်ရောက် သင်ယူခဲ့ကြပြီး ယခုလို အိမ်တွင်းမှုလုပ်ငန်းသင်တန်းများအား Women Clubအဖွဲ့များနှင့် လစဉ်အခမဲ့ သင်ကြားပေးမှာဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)