သတင်းများ

ဝါးခယ်မမြို့နယ်တွင်'လိုအပ်သောသူဖေးမကူသူငယ်ချင်း တစ်စောင်ယူ'ကူပွန်စနစ်ဖြင့်အဝစားစေတနာရှင်များ ပန်းကန်ထမင်းဆိုင်ဖွင့်လှစ်
Dec 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်အာရောဂျတံခွန် ကုသိုလ်ဖြစ်မျက်စိအထူး ကုဆေးရုံတော်ကြီး၏ ဦးဆောင်ဆရာတော်နှင့် နာယကဆရာတော်များ ဦးဆောင်လှူဒါန်းပြီး အလှူရှင်များ က"လိုအပ်သောသူဖေးမကူ"စေတနာရှင်များပန်းကန် ထမင်းငါးရာကျပ်ထမင်းဆိုင်ကို၄.၁၂.၂၀၂၁ရက်နေ့မှ စတင်ကာတစ်ပတ်လျှင်စနေ၊ တနင်္ဂနွေနေ့များတွင်နံနက်၁၀နာရီမှနေ့လည်၁နာရီအတွင်း ရောင်းချပေးသွားမည် ဟုသိရသည်။ စီးပွားရေးအဆင်မပြေ၍ အခက်အခဲရှိသော နွမ်းပါးမိသားစုများအတွက်အဟာရ အဖြစ်စား သုံးနိုင်ရန် ကြက်သားဟင်း၊ ဝက်သားဟင်း၊ ငါးသလောက်ဟင်း၊ ဘဲဥချဉ်ရည်၊ အသီးအရွက်ကြော်၊ သီးစုံပဲ ကုလားဟင်း၊ ငပိရည်ဖျော်၊ တို့စရာအစုံတို့ဖြင့် ရောင်းချပေးလျက်ရှိပါသည်။
လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 05,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲ မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း  အခမ်းအနားကိုယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show ) ကျင်းပ
Dec 05,2021
မင်းဘူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် မင်းဘူးမြို့နယ် မီးသတ်ဦးစီးဌာနတို့ ကျင်းပပြုလုပ်တဲ့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ ပေး ဆွေးနွေးပွဲ (Talk Show ) ကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကျင်းပခဲ့သည်။
မိုးနဲမြို့နယ်အတွင်း၌ မိုးသီးနှံအ‌စေ့ထုတ်ပဲပုတ်စိုက်ခင်းများ စတင်ရိတ်သိမ်း
Dec 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ရှမ်းတိုင်းရင်းသားအများစုသည် ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ယနေ့တွင်လည်း ရှမ်းလူမျိုး အများဆုံး ကြိုက်နှစ်သက်သည့် အစားအစာ တစ်မျိုးဖြစ်သော ပဲပုတ်ချပ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကပါဝင်ပစ္စည်းဖြစ်‌သော အစေ့ထုတ်ပဲပုတ်စေ့များ ဦးစိုင်းမွန်း ယာခင်းတွင် စတင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်းသိရသည်။
ကွမ်းလုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရုံးပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ
Dec 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် မြို့နယ်လဝကဦးစီးမှူး ဦးစောသန်းမြင့် ၊ ဒုလဝကမှူး ဦးကျော်စွာတင့်နှင့် ဝန်ထမ်းများက ကွမ်းလုံမြို့နယ် ကာမိန်းကျေးရွာအုပ်စုနှင့် ဖာပိန်ကျေးရွာအုပ်စုများရှိ မြောင်ဇီးတိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး
Dec 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ စာပေ ဝါသနာရှင်ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များအတွက် အသိပညာ ဗဟုသုတတိုးပွားစေရန် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များရိုက်ကူး၍ မြို့နယ် ပြည်သူ့စာကြည်တိုက် Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကာမိုင်းမြို့ သျှမ်းနီတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ် လှူဒါန်းပွဲ ကျင်းပ
Dec 05,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုမှ ဦးဆောင် ၍ သျှမ်းနှစ်(၂၁၁၅)ခုနှစ်မှ(၂၁၁၆) ခုနှစ်သို့ကူးပြောင်းမည့် နတ်တော်လဆန်း(၁) ရက်နေ့တွင် ကျရောက်သော သျှမ်းနီရိုးရာနှစ်သစ်ကူးပွဲနှင့်ကောက်ဦးဆွမ်းကပ် လှူဒါန်းပွဲအား ဒီဇင်ဘာလ (၄)ရက် နံနက် (၉)နာရီ၌ မအူပင်စုရပ်ကွက်ရှိ သျှမ်းနီဘုန်းတော်ကြီးကျောင်းနှင့် မြစိမ်းရောင် ရပ်ကွက်တို့တွင် ပထမအကြိမ်မြောက်ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး အများပြည်သူစိတ်အေးချမ်းသာစွာ ကုသိုလ်ယူနိုင်ရေး ဘက်စုံမွမ်းမံပြုပြင်ဆောင်ရွက် 
Dec 05,2021
မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး အများပြည်သူ စိတ်အေး ချမ်းသာစွာ ကုသိုလ်ယူနိုင်ရေး    ဘက်စုံမွမ်းမံပြုပြင်ဆောင်ရွက်လျက်ရှိရာ   ယမန်နေ့နံနက် ၈ နာရီက  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည်   အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ  မော်လမြိုင်မြို့ ကျက်သရေဆောင် သွားတော်ဓါတ်နှင့် ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး တစ်ပေပတ်လည် စကျင်ကျောက်ပြားများ ရင်ပြင်တော် အပြည့် ခင်းကျင်းနိုင်ရေးအတွက် လုပ်အားဒါနပြု ကုသိုလ်ယူကာ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ    ဝန်ထမ်းများနှင့်  စေတနာရှင် လုပ်သားပြည်သူများမှ စကျင်ကျောက်ပြားများအား ရင်ပြည်တော် ပေါ်သို့ တင်ဆောင်ကုသိုလ်ပြုလုပ်အားပေးနေမှုကို  ကြည့်ရှုအားပေးပြီး  စေတီတော်မြတ်ကြီးအား  ဖူးမြော်ကြည်ညိုကန်တော့သည်၊၊