ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဇာတ်တိုက်လေ့ကျင့်

မောင်တော   ဇန်နဝါရီ   ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးဆောင်ကာ ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဇာတ်တိုက် သရုပ်ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်က ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဇာတ်တိုက် သရုပ်ပြသရခြင်းအား အသေးစိတ်ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသခြင်း၊ မီးသတ်တပ်ဖွဲ့ ဝင်များက အဝတ်ဖြင့် ဖုံးအုပ်၊ မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းတို့အား သရုပ်ပြသခြင်း၊  ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမ များနှင့် ကျောင်း သား/ သူများကို လက်တွေ့မီးငြိမ်သတ်စေခြင်း ၊ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦး ပြိုကျပျက်စီးပြီး လူများ ထိခိုက်ဒဏ်ရာရရှိ၍ အဆောက်အဦအတွင်း ပိတ်မိနေသော လူနာများကို ဘေးလွတ်ရာသို့ အမြန်ဆုံးကယ်ထုတ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ပြီး၊ ရှေးဦးပြုလုပ်နည်းများအား သရုပ်ပြသခဲ့ကြသည်။ 

အဆိုပါ ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဇာတ်တိုက် သရုပ်ပြသခြင်းကို မြို့နယ်မီးသတ် ဦးစီးမှူးထွန်းရွှေခိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူ များ တက် ရောက် ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)