လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

လှိုင်းဘွဲ    ဇန်နဝါရီ   ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အမျိုးသမီးအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က လူထုအခြေ ပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းမှ အဖွဲ့ဝင် ဒေါ်နန်းမြက အမျိုးသမီးများအား ကျား/မ တန်းတူ အခွင့်အရေးရှိခြင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး/တန်းတူအခွင့်အရေး ရရှိရေး အတွက် နိုင်ငံတော်အဆင့် လှုပ်ရှာမှုများ၊ အမျိုးသမီးများ အကြမ်းဖက်မှု မရှိစေရေးအတွက် ပြဋ္ဌာန်း ထားသော ဥပဒေများ၊ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်ဒဏ်များ စသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် သိကောင်းစရာများကို Online မှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)