မွန်ပြည်နယ်ဝန်ကြီးချုပ် အသက် (၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲ ဆုရရှိသူများ ဆုချီးမြှင့်ပေး
Jan 24,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မော်လမြိုင်မြို့၊ ဖက်တန်းရပ် ပြည်နယ် အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစား သမားများ နှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။