သတင်းများ

နွားထိုးကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်
Jan 25,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်(၁)မျိုးမျိုးထုတ် ပေးနိုင်ရေးအတွက် မေလ(၃) ရက်နေ့မှစတင်၍
ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေ သူများအား Covishield ဆေးအမျိုး အစားကို ပထမအကြိမ်အဖြစ် ယနေ့နံနက် ၉ နာရီချိန်က ပုလော မြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲကျင်းပ
Jan 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဟိုပုံးမြို့နယ်၌ စိန်ရတုပြည်ထောင်စုနေ့ အသိပညာပေးဟောပြောပွဲ ဆိုက်ခေါင်ကျေးရွာတွင် ပြုလုပ်
Jan 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က တိလုံကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင်  အခြေခံ ပညာ အခြေခံပညာကျောင်း(ခွဲ)တွင် အသိပေးဟောပြောခဲ့ကြသည်။
ဟိုပုံးမြို့နယ်၌ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ကံမမြို့ အမှတ်(၄)ရပ်ကွက် စံပြ(၅)လမ်းပေါ်၌ ကွန်ကရစ်ရေပြွန်အစား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်
Jan 25,2022
မကွေးတို်ငးဒေသကြီး  သရက်ခရိုင်  ကံမမြို့  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ       အမှတ်(၄)ရပ်ကွက်၊ စံပြ(၅)လမ်းပေါ်ရှိ မြေသားများဖြင့်ပိတ်ဆို့နစ်မြုပ်နေသော ကွန်ကရစ်ရေပြွန်အားတူးဖော်၍ ရေစီး      ရေလာ ပိုမိုကောင်းမွန်စေရန်အတွက် ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ 
မြောင်းမြမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိ
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်(၇း၃၀)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲရှိဝန်ထမ်းများက ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။