နတ်မောက်မြို့နယ်တွင် ပဲစင်းငုံသီးညှပ်သီးသန့် ဧက (၃၀၀၀၀) ခန့်စိုက်ပျိုးထားရှိပြီး စံကွက်များစတင်ရိတ်သိမ်း
Jan 24,2022
မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ တောင်သူများပူးပေါင်းပြီး ပဲစင်းငုံသီးညှပ် စံကွက်များစတင် ရိတ်သိမ်းလျက်ရှိသည်။နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံအများဆုံးစိုက်ပျိုးပြီး ပဲမျိုးစုံစိုက်ဧကနှင့် အထွက်နှုန်း တိုးတက်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပဲမျိုးစုံအနက်မှ ပဲစင်းငုံသီးညှပ် သီးသန့်နေဖြင့် ဧက (၃၃၀၀၀) ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။