သတင်းများ

သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသူများအား Covishield ပထမအကြိမ် ဆက်လက် ထိုးနှံပေး
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေ သူများအား Covishield ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ညောင်ရမ်းကျေးရွာ ဆေးထိုးစုရပ်နှင့် သနပ်ကန်ကျေးရွာ ဆေးထိုးစုရပ်တို့တွင် ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့များက ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ချီဖွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာ Talk Show ပြုလုပ်
Jan 24,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာနှင့် ပတ်သတ်၍ ပြည်သူများသိရှိနိုင်ရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ်၊ အ-ထ-က(ရွှေကျင်) ကျောင်းတွင် ကျောင်းသား/ကျောင်းသူမ‌ျားအား သတင်းအမှား/သတင်းအမှန် ခွဲခြားနိုင်ရေးအသိပညာပေးဟောပြော
Jan 24,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အခြေခံပညာအထက်တန်း၊ အ-ထ-က(ရွှေကျင်)ကျောင်း ပညာရတနာခန်းမတွင် ကျောင်းသား/ကျောင်းသူများအား သတင်းအမှား/သတင်းအမှန်ခွဲခြားနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်၁၂ နာရီအချိန်က ကျင်းပသည်။
ပလောက်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါအသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်
Jan 24,2022
 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက် စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး  လုပ်ငန်များတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်   ၈ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦး စီးဌာန မှဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက် များသို့ Hand Speaker  ဖြင့်လှည့်လည်နှိုး ဆော်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌စာပေဝါသနာရှင်များ၏စိတ်ကြိုက်စာအုပ်ဖြစ်သောစာရေးဆရာ ဆရာခင်မောင်အေး  (နှလုံး) ရေးသားထားသည့်လူရယ်လို့ဖြစ်လာလျှင်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ  ပြုလုပ်ကျင်းပ
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်းမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub) ၊ လူငယ်အသင်း  (Youth Club) တို့ပူးပေါင်း၍စာပေဝါသနာရှင်များစာပေအသိအမြင် ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့်   စာတတ်သူတိုင်းစာဖတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက် ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့  နံနက်(၁၀)နာရီအချိန် က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ကာမိုင်းမြို့၌ ရှရှားနိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေးSinovacဆက်လက်ထိုးနှံပေး
Jan 24,2022
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို တိုက်နယ်ပြည်သူဆေးရုံတွင် ယနေ့နံနက်(၉) နာရီမှ မွန်းတည့်(၁၂)နာရီအထိ ဆက်လက် ထိုးနှံ ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရကျေးရွာအုပ်စုရှိ  နေအိမ်များနှင့် ဈေးဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
Jan 24,2022
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ် ငါးခူရကျေးရွာအုပ်စုရှိ  နေအိမ်များနှင့် ဈေးဆိုင်များ အား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၄  ရက်နေ့ နံနက် ၉ နာရီအချိန် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ 
စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဆဋ္ဌမအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံပေး
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက် (၁၈) နှစ်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် (ပထမကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။