သီပေါမြို့နယ်တွင် ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်
Dec 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးခြင်းကို ယနေ့ နံနက်ပိုင်းက စမ်းမာလာဥယျာဉ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။