သတင်းများ

သီပေါမြို့နယ်တွင် “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်
Jan 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ရည်ရွယ်၍ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း Silent Strike(အသံတိတ်သပိတ်)၌ ဆိုင်များပါဝင်မှုမရှိရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်မာ ဆိုင်နှင့် ကွမ်းယာဆိုင်များအား Silent Strike (အသံတိတ်သပိတ်)၌ ပါဝင်မှုမရှိစေရေးအတွက် ယနေ့နံနက် (၉)နာရီ အချိန်က အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကံမမြို့၌ Silent Strike (အသံတိတ်သပိတ်) နှင့်ပတ်သတ်၍ ဒေသခံပြည်သူများသိရှိစေရေး အသိပေး သတင်းထုတ်ပြန်ချက်များ နှိုးဆော်ဆောင်ရွက်
Jan 28,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ Silent Strike (အသံတိတ်သပိတ်) နှင့် ပတ်သတ်၍ ဒေသခံပြည်သူများ သိရှိစေရေး ရပ်ကွက်များအတွင်း လှည့်လည်ပြီး အသိပေး သတင်းထုတ်ပြန်ချက်များကို ယမန်နေ့ မွန်းလွဲ ၃ နာရီနှင့် ည ၈ နာရီအချိန်တို့တွင် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မအူပင်မြို့တွင် သတင်းထုတ်ပြန်ချက်အား ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် Silent Strike (အသံတိတ်သပိတ်) နှင့်ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းအသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
တန့်ယန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသိရှိစေရန် အသိပေးထုတ်ပြန်ချက်များနှိုးဆော်
Jan 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဒေသခံပြည်သူများ သိရှိစေရန်အတွက် အသိပေး ထုတ်ပြန်ချက်များအား နှိုးဆော်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှဝန်ထမ်းများ ပူးပေါင်းကာ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
နတ်တလင်းမြို့နယ်တွင် ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး အသိပေးခြင်းနှင့် လမ်းညွှန်ချက် စာစောင်များဖြန့်ဝေ
Jan 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များနှင့် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံ အသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လည် ၂နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့ (အ.ထ.က-၁)တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ခရိုင် အထက်တန်းအဆင့် စာစီစာကုံ၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ      
Jan 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်တွင် ယနေ့နံနက်ပိုင်းက  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ခရိုင်အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးနှင့် ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တောင်ငူ၌ အများပြည်သူများသိရှိစေရေး အသိပေးထုတ်ပြန်ချက်အား လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိ
Jan 28,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပတ်သက်ပြီး ဒေသခံ ပြည်သူများ သိရှိစေရေးအသိပေး ထုတ်ပြန်ချက်များကို ယမန်နေ့က ညနေ ၅ နာရီအချိန်မှစ၍ အသိပေးနှိုးဆော်ခြင်းနှင့် အသိပေးထုတ်ပြန်ချက် စာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။