မိုင်းလုံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး  နံရံကပ်စာစောင်ပြသ

မိုင်းလုံ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတွင်း နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ် စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော အထိမ်းအမှတ် ပြည်ထောင်စုနေ့ အကြောင်း၊ ပြည်ထောင်စု‌‌နေ့ သမိုင်း‌ကြောင်း၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးသည့် ပုဂ္ဂိုလ်များ စ‌‌သည့် သိသင့်သိထိုက်သည့် အကြောင်းအရာများနှင့် မှတ်းတမ်းပုံများကို ပြသဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသည် နံရံကပ် စာစောင်များကို လစဉ်တစ်လတစ်ကြိမ် နေ့ထူးနေ့မြတ်များ၊ ကာလဒေသနှင့် ကိုက်ညီသည့် အခြားသိသင့်သိထိုက်သော အကြောင်းအရာများကို ပြသဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဇော်ဇော်(ပြန်/ဆက်)