သတင်းများ

အောင်လံမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေး
Jan 28,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရုံးတွင်းဆောင်ရွက်မှုနှင့် ကွင်းဆင်း ဆောင်ရွက်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၅)နှစ်အောက် ဘောလုံး ပြိုင်ပွဲကျင်းပ
Jan 28,2022
ကရင်ပြည်နယ်၊ မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား အသက်(၂၅)နှစ်အောက် ရပ်ကွက်နှင့်ကျေးရွာ ပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
မအူပင်ခရိုင် Community Centre ခန်းမ၌ အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မအူပင်ခရိုင် လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်းပြီးအမျိုးသမီးအကြမ်းဖက်မှု ဆိုင်ရာအသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ်၌ အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်အား နှိုးဆော်
Jan 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံဆော်မှုများနှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် လိုက်လံကြေငြာခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်၌ Silent Strike (အသံတိတ်သပိတ်) နှင့်ပတ်သတ်၍ ဒေသခံပြည်သူများ သိရှိစေရေး အသိပေး သတင်းထုတ်ပြန်ချက်များ နှိုးဆော်ဆောင်ရွက်
Jan 28,2022
မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ Silent Strike (အသံတိတ်သပိတ်) နှင့်ပတ်သတ်၍ ဒေသခံ ပြည်သူများ သိရှိစေရေး ရပ်ကွက်များအတွင်းလှည့်လည်ပြီး အသိပေးသတင်း ထုတ်ပြန်ချက်များကို ယမန်နေ့ညနေ ၆နာရီက အသိပေးနှိုးဆော်ခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Jan 28,2022
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း နိုင်ငံတော်အစိုးရထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်မာဆိုင်နှင့်ကွမ်းယာဆိုင်များအား  Silent Strike (အသံတိတ်သပိတ်)၌ ပါဝင်မှုမရှိစေ ရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်က အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
ဝက်လက်မြို့၌ မျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ပျိုးသည့် တောင်သူများကို ထောက်ပံ့ ပစ္စည်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
Jan 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနတွင် ယနေ့ နံနက် ၉ နာရီ အချိန်က မျိုးစေ့ထုတ် စိုက်ကွက်နှင့် စံပြကွက် စိုက်ပျိုးသည့် တောင်သူများထံသို့ ထောက်ပံ့စ္စည်များကို ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက လက်ဝယ် အရောက် ထောက်ပံပေးအပ်ကြောင်း သိရသည်။