သတင်းများ

ပေါက်ခေါင်းမြို့တွင် ဈေးဆိုင်ခန်းများပုံမှန်ရောင်းချရေး အသိပေးခြင်းများဆောင်ရွက်
Jan 28,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ ပုံမှန်ဆက်လက်ဖွင့်လှစ်ရောင်းချရေး အတွက်လိုက်လံအသိပေးခြင်းကို ပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လည်ပိုင်းကဆောင်ရွက်ခဲ့သည်။
သထုံမြို့နယ်အတွင်းမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူအချို့၏ ရင်တွင်း စကားသံများ
Jan 28,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသူများအား ဆဌမအသုတ်၊ ပထမအကြိမ်အဖြစ် (COVISHIELD) ထိုးနှံပေးခြင်းနှင့် ပဉ္စမအသုတ်၊ ဒုတိယအကြိမ်အဖြစ် (Sinopharm)ထိုးနှံပေးခြင်းတို့ကို ရပ်ကွက်/ကျေးရွာ အသီးသီးတို့၌ ဆေးထိုးစုရပ်များဖွင့်လှစ်ပြီး စဉ်ဆက်မပြတ် ထိုးနှံပေး လျက်ရှိရာ လာရောက်ထိုးနှံသူအချို့၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုကြား သိရသည်။
မိုင်းယုမြို့၌ အများပြည်သူသိရှိနိုင်စေရန် သတင်းထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေး အသိပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ အများပြည်သူ သိရှိနိုင်စေရန် သတင်းထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေးအသိပေး လက်ကမ်း စာစောင်များကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်‌ရေးအဖွဲ့က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်များနှင့် သိရှိစေရန်တွေ့ဆုံဆွေးနွေး
Jan 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပေးဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ပြလုပ်ခဲ့ကြောင်း သိရသည်။
ကျုံတာကျေးရွာအုပ်စုတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မြောက်ပိုင်း ကျုံတာကျေးရွာအုပ်စုတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်း(w) ဂိုးကျဉ်းဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၈)နာရီအချိန်မှ စတင်ကာ နေ့စဉ်ကျင်းပ ကြကြောင်း သိရသည်။
တာချီလိတ်မြို့ ဝမ်လုံး Quarantine Center အတွက် ကိုဗစ်အထောက်အကူပြုပစ္စည်းများလှူဒါန်း
Jan 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဝမ်လုံး Quarantine Center အတွက် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယနေ့ နံနက် ၉ နာရီက လှူဒါန်းခဲ့ကြောင်းသိရသည်။
မြောက်ဦးမြို့ပေါ်၌ ယာဉ်တိုက်မှုအန္တရာယ် လျော့ချနိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညားပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 28,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ ယာဉ်မတော်တဆမှု များကြောင့် ထိခိုက်သေဆုံးမှု မရှိစေရေးအတွက် မြို့နယ်ရဲတပ်တပ်ဖွဲ့မှ ဦးဆောင်ကာ ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့အဝင် ငွေတောင်ပေါက် တံတားအနီး၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jan 28,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂-ခုနှစ် ၊ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စျေးတန်း၌ ကျင်းပခဲ့ကြောင်းသိရသည်။