မင်းလှမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၈၁၆ ဦးဝင်‌ရောက်ဖြေဆိုမည်

မင်းလှ ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ကျောင်းဖြေ ကျောင်းသား၊ ကျောင်းသူ ၆၂၀ ဦး၊ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ ၁၉၆ ဦး စုစုပေါင်း ၈၁၆ ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မင်းလှမြို့နယ်မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင်ဘာသာတွဲ (၁)၌ (၄၉၆) ဦး၊ ဘာသာတွဲ(၂)၌ (၉၅)ဦး၊ ဘာသာတွဲ(၇)၌ (၂၅၂)ဦးဖြစ်ရာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ကျား ၃၃၇ ဦး၊ မ ၄၇၉ ဦးပေါင်း (၈၁၆) ဦး ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို ကျင်းပရန် စာစစ်ဌာနသုံးခု စီစဉ်ထားရှိကြောင်းနှင့် အဆိုပါ စာစစ်ဌာနများမှာ အ.ထ.က မင်းလှ ( မြို့တွင်း)၊ အ.ထ.က မင်းလှ ( မြို့ပြင်) နှင့်အ.ထ.က စစ်ကွင်းစာစစ်ဌာနတို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်စ မင်းလှ