တံတားဦးမြို့နယ်တွင် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးမှုများဆောင်ရွက်

တံတားဦး  ဇန်နဝါရီ  ၂၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား အိမ်ဆိုင်ခန်းများ၊ ဈေးဆိုင်ခန်းနှင့် မြို့မဈေးအတွင်းပြည်သူများ သိရှိလိုက်နာကြစေရန် သတင်းထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ‌ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအားသိရှိကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းများကို ယနေ့နံနက်ပိုင်းက  ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင်  အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသည့် CRPH ၊ NUG နှင့် ဆက်စပ်နေနေသည့်အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များ၏ Facebook account များမှ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန် လက်ခုတ်တီးခြင်း၊ ဈေးဆိုင်များပိတ်ထားခြင်း၊ သံပုံတီးခြင်း ကားဟွန်းတီးခြင်းများ မပြုလုပ်ရန်နှင့် ပြည်သူများအနေဖြင့် လိုက်နာခြင်းမရှိဘဲ အဆိုပါ လှုံ့ဆော်ခြင်းများအား လိုက်ပါပြုလုပ်ခြင်း ၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်ရန်ဝါဒဖြန့်ခြင်းများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ပြီး ပြစ်မှုနှင့်သတ်ဆိုင်သည့် ပစ္စည်းများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း စသည့်အသိပေးချက်များ ပါဝင်ကြောင်း သိရသည်။

အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဈေးရောင်း၊ ဈေးဝယ်များ၊ ခရီးသွားပြည်သူများအား ဖြန့်ဝေပေးကြကြောင်း သိရသည်။

ရဲတင့်