သတင်းများ

မန်းရွှေစက်တော် ဘုရားပွဲတော်နှင့် မန်းချောင်းအပန်းဖြေဆင်စခန်းကို တစ်ပြိုင်နက်ထဲ ဖွင့်လှစ်သွားမည်
Jan 29,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်နှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တစ်ပြိုင်နက်ထဲ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံက သိရသည်။
ပိုင်ကျုံမြို့ နောင်ခွီးကျေးရွာအုပ်စု နောင်ဒိုင်း - သောင့်တော် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းအား မြေသားဂဝံလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး
Jan 29,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက် မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နောင်ခွီးကျေးရွာအုပ်စု နောင်ဒိုင်း - သောင့်တော် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းအား မြေသားဂဝံလမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ ၁၄ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယမန်နေ့က ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့၊ နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ လေးဒေါင့်ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊သာမဏေများအား စားအုန်းဆီဆက်ကပ် လှူဒါန်းပြီး တိုက်ပွဲရှောင်ပြည်သူများအား စားအုန်းဆီထောက်ပံ့ပေး
Jan 29,2022
ရခိုင်ပြည်နယ် အစိုးရအစီအစဉ်ဖြင့် ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား စားအုန်းဆီဆက်ကပ် လှူဒါန်းခြင်းကို ပေါက်တောမြို့ ဘဝမ်းဘုန်းတော်ကြီး ကျောင်း၌ ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။
ဝါးခယ်မမြို့နယ်‌အောက်ဝဲကျေးရွာအုပ်စုတွင်ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Jan 29,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်(၈)နာရီက အောက်ဝဲသာကျေးရွာအုပ်စုရှိပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း‌ရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ မုံရွာမြို့ လယ်တီရပ်ကွက်ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ
Jan 29,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းသည် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ နှင့်အတူ မုံရွာမြို့ လယ်တီရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှူရေး အစရှိသော လုပ်ငန်းများဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းစေရေးရည်ရွယ်လျက် ပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၃ နာရီအချိန်က မုံရွာမြို့ လယ်တီရပ်ကွက် ဘုန်းေတာ်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေး
Jan 29,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာ များတွင် ဇန်နဝါရီ ၁၃ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲနှင့် အီးမေးလ်အသုံးပြုနည်း သင်ကြားပြသ‌ပေး
Jan 29,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင် စုနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အီးမေးလ် အသုံးပြု နည်း   သင်ကြားပြသပေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ပြုလုပ် ခဲ့သည်။