သတင်းများ

ပန်းတောင်းမြို့နယ် မင်းရပ် ရပ်ကွက် ပဲကြီးစိုက်တောင်သူနှင့် စားသုံးသူ​ရေးရာဦးစီးဌာနမှ ကွင်းဆင်း၍ တွေ့ဆုံမေး​မြန်းဆောင်ရွက်
Jan 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက် ပဲကြီးစိုက် တောင်သူနှင့် ယမန်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်း​အေးက ကွင်းဆင်း၍ တွေ့ဆုံမေးမြန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် လူမှုကွန်ယက်များ၌ပျံ့နှံ့နေသည့် လှုံ့ဆော်မှုများ ပါဝင်ပတ်သက်မှုမရှိစေရန် နှိုးဆော်မှုများဆောင်ရွက်
Jan 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကိုပျက်ပြားစေရန် လူမှုကွန်ယက်များ၌ပျံ့နှံ့နေသည့် လှုံ့ဆော်မှုများ ပါဝင်ပတ်သက်မှုမရှိစေရန် နှိုးဆော်မှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ယနေ့နံနက်(၁၁)နာရီအချိန်တွင် သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက်တွင် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေးနှိုးဆော်
Jan 28,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများအပေါ် ပြည်သူများ အနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံ ရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့ ညပိုင်းအချိန်က စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မြို့မဈေးတွင် ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်း ကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့၌ နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များ အများပြည်သူ သိရှိစေရန် အသိပညာပေးနှိုးဆော်
Jan 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များ အများပြည်သူသိရှိစေရန် အသိပညာပေးနှိုးဆော်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင်  ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် ရပ်ကွက်/ကျေးရွာများအတွင်း အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံတူပန်းချီ၊ စစ်တုရင်၊ ခါးကွင်းလှည့်ပြိုင်ပွဲများ ကျင်းပ
Jan 28,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပုံတူပန်းချီ၊ စစ်တုရင်နှင့် ခါးကွင်းလှည့်ပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
သာယာဝတီမြို့တွင် တစ်ပိုင်တစ်နိုင် သံပုရာပင်စိုက်ပျိုးသူ တောင်သူများအနေဖြင့် သံပုရာသီးရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိ
Jan 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ လှည်းလမ်းကူးအုပ်စု၊ ကိုးပင်ရိုးကျေးရွာတွင် တစ်ပိုင်တစ်နိုင် သံပုရာပင်စိုက်ပျိုးသူ တောင်သူများအနေဖြင့် သံပုရာသီးရောင်းချခြင်းဖြင့် နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိနေကြောင်းသိရသည်။
ဝက်လက်မြို့ ၌ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM) နည်းပညာ သင်တန်းဖွင့်လှစ်
Jan 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနတွင် ယမန်နေ့က ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM) နည်ပညာသင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။