သတင်းများ

ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Dec 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ ကျိုင်းတုံမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးစက်ချုပ် (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား
Dec 09,2021
နည်းပညာနှင့်အတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ သဘာဝဘေး ဒဏ်ခံဘက်စုံသုံးအဆောက်အဦတွင် ယနေ့နံနက်ပိုင်း က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီးစက်ချုပ် (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၌ အိုမိခရွန်(Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်
Dec 09,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ အိုမိခရွန်(Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံ လမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၈၁၀ ဦး အား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးပြီးပြီဖြစ်
Dec 09,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ အခြေခံပညာအထက်တန်းကျောင်း (မန်စံ) ၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် မန်စံကျေးရွာ အုပ်စု အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၈၁၀ ဦးအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
မိုးမောက်မြို့နယ်တွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း(Volunteer)နှင့် ကိုဗစ်−၁၉ ပိုးတွေ့လူနာများအတွက်ထောက်ပံ့ငွေပေးအပ်
Dec 09,2021
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၉ ရက် နံနက် ၁၀နာရီတွင် ၂၀၂၀−၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် ကချင်ပြည်နယ် အရေးပေါ်ရန်ပုံငွေမှ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်း (Volunteer)များနှင့် ကိုဗစ်−၁၉ ပိုးတွေ့လူနာများအတွက် စားသောက်စရိတ်များနှင့် စက်သုံးဆီကုန်ကျစရိတ်များ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်
Dec 09,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းက မန်ခိုက်ရပ်ကွက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် (၇၄)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Dec 09,2021
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က (၇၄)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။
မော်လမြိုင်ခရိုင်၌ “မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” အသိပညာပေး (Talk Show) ဆောင်ရွက်
Dec 09,2021
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးသုံစွဲရာတွင် ပေါ့ဆမှုမရှိစေရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြရန်နှင့် မီးဘေးအန္တရာယ်လုံခြုံရေးသိရှိနိုင်စေရန် ရည်ရွယ်၍အသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်၁၁နာရီက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် Online အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။