သတင်းများ

ဆင်ပေါင်ဝဲမြို့နယ် လေးဒူးကွဲကျေးရွာရှိ ကြေးနီချောင်း ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ဆောင်ရွက်ပေးနိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေး
Jan 28,2022
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မင်းဦး၊ မြို့နယ်လျှပ်စစ်မှူး ဦးရန်နိုင်ဦးတို့ အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ် လေးဒူးကွဲကျေးရွာရှိ ကြေးနီချောင်း ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ဆောင်ရွက်ပေးနိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့သည်။
သီပေါမြို့နယ် ပြန်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ပဲဆီလှူဒါန်းခြင်းများ ဆောင်ရွက်
Jan 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း    ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဆွမ်း ကိစ္စရပ် အဆင်ပြေစေရန် ရည်ရွယ်၍  ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက ယနေ့ နံနက်ပိုင်းက အောင်စေတီ ဘုန်းတော်ကြီး ကျောင်းသို့ ဆွမ်းဆန်တော်နှင့် ဆီများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းပြားမြို့ရှိ ဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းနေအိမ်များအား မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ
Jan 28,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့သစ်ရပ်ကွက်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ရုံးခန်းနှင့်နေအိမ်များ၊ လိုင်းခန်းများအား မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယမန်နေ့က မြို့နယ် မီးသတ်ဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့တွင် လူမှုကွန်ရက်များပေါ်မှပျံ့နှံ့နေသော လှုံ့ဆော်မှုများအား အများပြည်သူပါဝင်မှု မရှိစေရေး သတင်းထုတ်ပြန်ချက်များအား အသိပေးခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့်  နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေမည့် လှုံ့ဆော်မှုများအား အများပြည်သူပါဝင်မှု မရှိစေရေးအတွက် သတင်းထုတ်ပြန်ချက်များအား အသိပေးခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းဆင့် ကျပန်းစကား ပြောပြိုင်ပွဲကျင်းပ
Jan 28,2022
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စု နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ပေါင်းစုံ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲအား ညောင်ဦးမြို့၊အခြေခံပညာ အထက် တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမကြီးတွင် ယနေ့နံနက် ၉နာရီအချိန်ကစတင်ပြီး ကျပန်း ပြောစကားပြိုင်ပွဲကျင်းပခဲ့ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်စုစုခင် (ဒုတိယ ညွှန်ကြားရေးမှူး)ထံက သိရသည်။
လှိုင်းဘွဲမြို့နယ် မရမ်းအူကွင်းဘုန်းတော်ကြီးကျောင်းရှိ ရဟန်းသံဃာများအတွက်  ဆွမ်းဆန်/ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jan 28,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာ အခြေချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊အရာရှိစစစ်သည်မိသားစုဝင်များက ရဟန်း/ သံဃာများအတွက် ဆွမ်းဆန်/ဆီ/လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မရမ်းအူကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေါက်တော၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်
Jan 28,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သည်။
တံတားဦးမြို့နယ်တွင် အစိုးရ၏ သတိပေးထုတ်ပြန်ချက်များ ပြည်သူများ သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်
Jan 28,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် ယမန်နေ့ည(၇)နာရီက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။