ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ လူထုအခြေပြဒဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးသူငယ်များတွင် အဖြစ်များသော ရောဂါများအကြောင်း ဆွေးနွေးပွဲဆောင်ရွက်

နမ့်ဆန် ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများ ကလေးသူငယ်များတွင် အဖြစ်များသော ရောဂါများ အကြောင်းကို အချင်းချင်း အသိပညာ ဗဟုသုတများရရှိ စေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျန်းမာရေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲကို ဒေါက်တာမြတ်မြင့်မိုရ် ရေးသားထားသော "ကလေးသူငယ်တို့တွင် အဖြစ်များသော ရောဂါများအကြောင်း၊ ဗိုက်နာခြင်း၊ အစားအသောက်နည်းခြင်း၊  မအီမသာဖြစ် ခြင်း ဂျီကျခြင်း၊ ယားယံခြင်း၊ လည်ချောင်းနာခြင်း၊ စသောအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြရာ (Youth Club) အသင်းအဖွဲ့ဝင် ဒေါ်နွယ်နီထွန်းမှ ကြီးထွားမှုနှေးကွေးခြင်း အကြောင်းအရာများ၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းမှ သွေးယိုထွက်မှု ဖြစ်ခြင်း အကြောင်းအရာကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ ပြန်ဆက်