ဘုတ်ပြင်းမြို့တွင် နိုင်ငံတော်အစိုးရထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် လိုက်လံအသိပညာပေးမှုများဆောင်ရွက်

ဘုတ်ပြင်း   ဇန်နဝါရီ  ၂၈


တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များက ဘုတ်ပြင်းမြို့တွင် Silent strike (အသံတိတ်သပိတ်) အသံထွက် သပိတ်မပြုလုပ်ကြရန် ယနေ့ နံနက်က ဘုတ်ပြင်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက် ရှိသည့်ဆိုင်များအား သတင်းထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းနှင့် ဈေးရောင်းချသူများအား သိရှိကြောင်း ဝန်ခံလက်မှတ်ရေးထိုးစေခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများတို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များသို့ လှည့်လည်၍ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်  လိုက်လံအသိပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ သိပေးရာတွင် တပ်မတော်မှအာဏာခေတ္တထိန်းသိမ်းသည့် တစ်နှစ်ပြည့်နေ့ဖြစ်သည့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ () ရက်နေ့တွင် Silent Strike (အသံတိတ်သပိတ်) ပြုလုပ်သည့်အနေဖြင့် ဈေးဆိုင်များပိတ်ခြင်းမပြုလုပ်ကြရန်၊ အသံထွက်သပိတ်မပြုလုပ်ကြရန်၊ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့်ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ဆက်နွယ်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်ပြည်သူ လူထု အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများအား လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ် လျက်ရှိကြောင်း ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှုဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေတစ်နည်း နည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့်ပြုလုပ်မှုများပြုလုပ်ခြင်း လှုံ့ဆော်ဝါဒ ဖြန့်မှုများကို တစ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ရာဇသတ်သတ်ကြီးဥပဒေနှင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများဖြင့် အရေးယူပြီးပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်း ဆည်းခံရနိုင်ကြောင်း  လိုက်လံအသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သတိပေးထုတ်ပြန်ချက်များအား မြို့နယ်အထွေထွေအု်ပချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များက အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)