ပိုင်ကျုံ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ (၃)လမ်းပေါ်ရှိ ပိုင်ကျုံ RHC မှ ပိုင်ကျုံခရစ်ယာန်ဘုရားကျောင်းသို့ ဆက်သွယ်ထားသောလမ်းအားဆက်၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်ကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် (၅၀၀ပေx၁၄ပေx၆လက်မ)ရှိပြီး ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (ပထမ အကြိမ်) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှောချရေး ရန်ပုံငွေ(၄.၉)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာတာဝန်ရှိသူတို့မှ ကြီး ကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများပြီးစီးပါက ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် အဆင်ပြေလွယ်ကူလာမည်ဖြစ် ကြောင်း သိရှိရပါသည်။
စောဂျိုးဇက်ဂျူး (ပိုင်ကျုံ)