သတင်းများ

ကျွန်းလှမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 14,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီက ပိတောက်မြိုင်ရပ်ကွက်၊ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
ချမ်းအေးသာစံမြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 14,2026
ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပညာရေးစာပေ တိုးတက်စေရန်သာမက အသိပညာဗဟုသုတများစွာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်ကာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ဇူလိုင် ၁၄ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဓာတ်အားလိုင်းတိုင်များတွင် ချိတ်ဆွဲသွယ်တန်းထားသည့် ဆက်သွယ်ရေးကြိုးနှင့် ဝိုင်ဖိုင်ကြိုးများ ရှင်းလင်းဆောင်ရွက်နေမှုစစ်ဆေး
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် ယမန်နေ့ ညနေ (၃) နာရီ အချိန်တွင် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်ရှိ ဧမာနွေလဘုရားကျောင်းရှေ့နေရာတွင် ရှုပ်ထွေးဆက်သွယ်ရေးကြိုးများ ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 14,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတည်ဆောက်ရေးလုပ်ငန်းကို ဇူလိုင် ၁၃ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 14,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
‎မဟာအောင်မြေမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 14,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ကျောက်ဆည်မြို့နယ်၌  ရန်ကုန်-မန္တလေးကားလမ်းနှင့် အင်ဒိုင်းကျေးရွာအဝင်လမ်းအား ချောမွေ့စွာသွားလာနိုင်ရေး ကျောက်ရောမြေခင်းပေး
Jul 14,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြိုနယ်ကျေးလက်လမ်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်လမ်းများအား ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်-မန္တလေး ကားလမ်းမကြီးနှင့် အင်ဒိုင်းကျေးရွာ အဝင်လမ်းအား ချောမွေ့စွာသွားလာနိုင်ရေး ကျောက်ရော မြေခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြိုသစ် (မြောက်ပိုင်း) မြိုနယ်၌ လျှပ်စစ်နှင့် အဆင့်မြင့်ဆိုလာတပ်ဆင်ခြင်းနည်းစနစ် သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲနှင့် အခြေခံမော်တာအထည်ချုပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြိုသစ် (မြောက်ပိုင်း) မြိုနယ်၌ အဆင့်မြင့်ဆိုလာတပ်ဆင်ခြင်း နည်းစနစ်သင်တန်း (၁/၂၀၂၆) ဆင်းပွဲနှင့် အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၃ ရက်နေ့ နေ့လယ်ပိုင်းက (၄၃) ရပ်ကွက် မင်းရဲကျော်စွာလမ်းထောင်နှင့် ဗိုလ်မင်းရောင်လမ်းထောင့်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) ၌ ကျင်းပသည်။