ဒိုက်ဦးမြို့နယ် ဖောင်တော်သီအခြေခံပညာအထက်တန်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 12,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။