သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ စက်သုံးဆီဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေး
Jul 14,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး အတွက် စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက စက်သုံးဆီဆိုင်ကြီးများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
မြောင်းမြမြို့တွင် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ ပွဲအခမ်းအနားကို ဇူလိုင်လ (၁၄) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။
တာမွေမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် က‌ဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် က‌ဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်စကားဝိုင်းကျင်းပ
Jul 14,2026
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုး တက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ကျွန်းလှမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ
Jul 14,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို ဇွန် ၁၄ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ကျင်းပသည်။
မြစ်သားမြို့နယ်၌ နွေနှမ်းစိုက်ပျိုးရာသီ၌ ၇၅၉၉ ဧက ရိတ်သိမ်း
Jul 14,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်‌ နွေနှမ်းအထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးဆီ ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သည့်အတွက် ဝင်‌ငွေရရှိပြီး လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ယခုနှစ် နွေနှမ်းစိုက်ပျိုးရာသီ၌ နွေနှမ်း ၂၉၂၀၈ ဧက စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၇၅၉၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့နယ်၊ ဂွေးကုန်းကျေးရွာရှိ ဝါစိုက်တောင်သူများအား မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်
Jul 14,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ လူမှုစီးပွားမြှင့်တင်ရေး (သက်တံ့ရောင်) စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် မျိုးနှင့်သွင်းအားစု ပံ့ပိုးပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၄/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ ဟိုတယ်၊မိုတယ်၊ တည်းခိုရိပ်သာများနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးမည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်းအမှတ်စဥ် (၄/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၁၁း၀၀) နာရီက ငွေဆောင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ Aureum Palace ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကိုကိုဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။