သတင်းများ

ပြင်ဦးလွင်မြို့နယ် အ.ထ.က(ခွဲ)၊ အ.လ.က(‌၁)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော‌ပွဲကျင်းပ
Sep 12,2025
လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အ.ထ.က(ခွဲ)၊ ‌‌ အ.လ.က(‌၁) တွင် ကျင်းပရာ ရှေးဦးစွာ အ.ထ.က(ခွဲ)၊အ.လ.က(၁)မှ အလယ်တန်းပြဆရာမကြီး ဒေါ်ရည်ရည်‌ရွှေက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက  ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
နမ့်စန်မြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
Sep 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်စန်ခရိုင် ရဲတပ်ဖွဲ့ကဦးစီး၍ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲကဆောင်ရွက်ခဲ့သည်။
ပုံပါကျင်မြို့ အ‌ခြေခံပညာအထက်တန်းကျောင်း ကောင်စီဖလားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Sep 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်းဝန်း၌ ကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဒိုက်ဦးမြို့နယ် ဖောင်တော်သီအခြေခံပညာအထက်တန်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 12,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းတွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် အ.မ.က(ကျောက်ဝိုင်း) တွင်စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေး
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကုန်းကျေးရွာ အ-မ-က (ကျောက်ဝိုင်း) ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနတို့မှပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့်ဆေးကုသပေးခြင်းကို ယမန်နေ့မွန်းလွဲ  (၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့နယ် Community Centre ခန်းမတွင် ခင်ဆွေဦးရေးသားသော ဒို့တိုင်းဌာနီစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Sep 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စက်တင်ဘာ ၁၂ ရက်နေ့က ခင်ဆွေဦးရေးသားသော ဒို့တိုင်းဌာနီစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲ​ပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Sep 12,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ စက်တင်ဘာ ၁၀ ရက်က မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲ​ပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလေးဝမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြို ပန်းချီပြိုင်ပွဲပြုလုပ်
Sep 12,2025
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြို ပန်းချီပြိုင်ပွဲကို မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကကြီးမှူး၍ အမှတ်-၂ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။