ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဓာတ်အားလိုင်းတိုင်များတွင် ချိတ်ဆွဲသွယ်တန်းထားသည့် ဆက်သွယ်ရေးကြိုးနှင့် ဝိုင်ဖိုင်ကြိုးများ ရှင်းလင်းဆောင်ရွက်နေမှုစစ်ဆေး

ကျောက်တံတား ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် ယမန်နေ့ညနေ (၃) နာရီအချိန်တွင် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်ရှိ ဧမာနွေလဘုရားကျောင်းရှေ့နေရာတွင် ရှုပ်ထွေးဆက်သွယ်ရေးကြိုးများ ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာစဉ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးမျိုးဝင်း၊ တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး အင်ဂျင်နီယာ ဦးတင်ထွန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးသိမ်းသူရ၊ ရန်ကုန်တိုင်းဒေသကြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေလင်းထွန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတား (အင်ဂျင်နီယာဌာန) မှ ဒုဌာနမှူး ဦးဉာဏ်သာ၊ ဒု-ဌာနမှူး ဦးစောဝင်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်သိန်းနှင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြပြီးနောက် ဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ အနော်ရထာလမ်းနှင့် ၃၉-လမ်းထောင့်ရှိ ဓာတ်အားလိုင်းတိုင်များတွင် ချိတ်ဆွဲသွယ်တန်းထားသည့် ဆက်သွယ်ရေးကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများ ရှင်းလင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)