‎မဟာအောင်မြေမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ ဟောပြောပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာဇော်ဇော်အောင်က ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံများ၊ ကူးစက်ရောဂါများအကြောင်း၊ မကူးစက်နိုင်သော ရောဂါများအကြောင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊‌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးလက်ကမ်းစာစောင်များကို တက်ရောက်လာသော ရဲမှူးနှင့်ရဲတပ်ဖွဲ့ဝင်များအား ဝေငှပေးခဲ့သည်။

ဟောပြောပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာဇော်ဇော်အောင်နှင့် ဦးစီးအရာရှိ ဒေါ်အေးအေးမင်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး စည်သူကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အောင်ဇော်မင်း