မြစ်သား ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတည်ဆောက်ရေးလုပ်ငန်းကို ဇူလိုင် ၁၃ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ အမှတ်(၄) ခရိုင်ပတ်လမ်း (မြင်းခြံကုန်း-ခံတက္ကုန်း-နှမ်းခင်း-ရွှေ စေတီလမ်း) (0.402km×3.66m×375mm) ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းသ့ည် ကူမဲကိုအဓိကဆက်သွယ်ထားသော ရွာသာ- သပြေတောင်းလမ်းနှင့် ချိတ်ဆက်ထားသောလမ်းဖြစ်ပြီး ကတ္တရာလမ်းဆောင်ရွက်ပြီးစီးပါက အကျိုးပြုကျေးရွာ ၈ ရွာ၊ ပြည်သူခုနှစ်ထောင်ခန့်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ကျေးလက် ထုတ်ကုန်များ အပြန်အလှန်ရောင်းဝယ် ဖောက်ကားရေးတို့ကို များစွာအကျိုးပြုမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)