သာစည်မြို့၌ လူမှုဖူလုံရေးအဖွဲ့ရွေ့လျားဆေးကုသယာဉ်ဖြင့် အာမခံအလုပ်သမားများအား ဆေးကုသမှု ကွင်းဆင်း ဆောင်ရွက်
Jul 14,2026
မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ လူမှုဖူလုံရေးအဖွဲ့ရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit_MMU)ဖြင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ အာမခံ အရာထမ်း အမှုထမ်းများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများ၊ ကုမ္ပဏီများ၊ ဘဏ်များစသည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းများမှ အာမခံအလုပ်သမားများအား ယနေ့နံနက် ၉ နာရီကစတင်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။