ကျွန်းလှ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီက ပိတောက်မြိုင်ရပ်ကွက်၊ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
ဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဝင်းက အမှတ်စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းမြင့်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဗလငါးတန်ပြည့်စုံရေး အကြောင်းတို့ကို ဟောပြောခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက ခင်းကျင်းပြသည့်ထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံများ၊ စာအုပ်စာစောင်များ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ