သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်ဆရာတော် အရှင်ပညာသာမိ(တောမှီရဟန်း)၏ ၆၆ နှစ်ပြည့်ဝိဇာတမွေးနေ့မင်္ဂလာသို့တက်ရောက်ဖူးမြော်ကြည်ညို
Jul 14,2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့ အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၏ (၆၆)နှစ်မြောက်ဝိဇာတ(မွေးနေ့)အလှူတော်မင်္ဂလာအခမ်းအနားကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက တောင်ကလေးပရိယတ္တိစာသင်တိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုသည်။
တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကော့သောင်းခရိုင်/မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့နှင့် လုပ်ငန်းညှိနှိုင်း 
Jul 14,2026
တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်သည်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက  ကော့သောင်းခရိုင်/မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့နှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းများအတွက် အားကစားဝတ်စုံများနှင့် ချီးမြှင့်ငွေများ ပေးအပ်
Jul 14,2026
ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ဌာနနေတိုင်းရင်းသားမျိုးနွယ်စုများ အားလုံးပါဝင်စေပြီးစည်းလုံးညီညွတ်မှုကိုပြသကာ အချင်းချင်း လေးစားချစ်ခင်မှု ပိုမိုဖြစ်ထွန်းလာစေရေး ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့ ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့က အားကစားဝတ်စုံများနှင့် ချီးမြှင့်ငွေများပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 14,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဇူလိုင် ၁၃ ရက် မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်၌ “လူငယ်နှင်မူးယစ်‌ဆေးဝါးအန္တရာယ်”‌ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ “လူငယ်နှင်မူးယစ်‌ဆေးဝါးအန္တရာယ်”‌ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းကအမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊‌ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌အသိပညာပေးဟောပြော
Jul 14,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ကျောင်းသား/သူများ အသိပညာဗဟုသုကြွယ်ဝစေရန်ရည်ရွယ်ကာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက  ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပသည်။
ဝမ်းတွင်းမြို့နယ်၌ ရန်ကုန်-မန္တလေးကားလမ်းမှ သပြေရိုးကျေးရွာအဝင်လမ်း မြေသားတာဘောင် ချဲ့ခြင်းလုပ်ငန်းနှင့် Box-Culvert နှစ်စင်း တည်ဆောက်
Jul 14,2026
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ရန်ကုန် - မန္တလေးကားလမ်းမှ သပြေရိုးကျေးရွာအဝင်လမ်း မြေသားတာဘောင်ချဲ့ခြင်းလုပ်ငန်းနှင့် Box-Culvert နှစ်စင်း တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကော့သောင်းမြို့ရှိလုံခြုံရေးဂိတ်များအား လိုက်လံစစ်ဆေး
Jul 14,2026
တနင်္သာရီတိုင်း​ဒေသကြီး လုံခြုံ‌​ရေးနှင့်နယ်စပ်‌​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင် ဦးဆောင်သော‌‌ ​ကော့သောင်းအ​​ခြေချ (ဗျူဟာအဖွဲ့) ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး တို့သည် ယမန်နေ့က ကော့သောင်းခရိုင်အတွင်းရှိမြို့များတွင် ပြည်သူလူထုအတွက် လုံခြုံ​ရေး​ဆောင်ရွက်​နေသည့် တပ်ဖွဲ့ဝင်များအား လုံခြုံရေးဂိတ်များတွင် တရားမဝင် ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှု မရှိ​​စေရေးနှင့် တရားမဝင်ငွေကြေးကောက်ခံမှုများ မပြုလုပ်​စေ​ရေးကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့ဘဝ လုံခြုံ​ရေးကို အ​လေးထား ဆောင်ရွက်ရန်နှင့် ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ​ပြေပြစ်စွာဆက်ဆံရန် မှာကြားသည်။