သတင်းများ

ကျိုင်းတုံမြို့၌ ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ
Jul 14,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် ဟောပြောပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်နှင့် လှိုင်းဘွဲချောင်းရေဝင်ရောက်သဖြင့် အခြေခံပညာမူလတန်းကျောင်းများ ခေတ္တယာယီပိတ်
Jul 14,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် လှိုင်းဘွဲမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်(၂)ကျောင်း၊ အခြေခံပညာမူလတန်း(၃)ကျောင်းတို့၏ကျောင်းဝင်းအတွင်းသို့ မြစ်ရေ၊ချောင်းရေများ ဝင်ရောက်မှုကြောင့် ဇူလိုင် (၁၃)ရက်မှစတင်၍   ယာယီပိတ်ထားလျက်ရှိကြောင်းသိရှိရသည်။
အမာမြို့ အထကကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မော်လိုက်မြို့၌ စက်ချုပ်နည်းသင်တန်းသင်ကြား
Jul 14,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း စက်ချုပ်နည်းသင်တန်းကို ဇူလိုင်လ (၆) ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 14,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ် ( ၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကလေး​မြို့၌ စစ်ကိုင်းတိုင်း​ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ရန်အောင်မြင်တံတားဖွင့်လှစ်
Jul 14,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌  စစ်ကိုင်းတိုင်း​ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမင်းမင်းဇေယျာမြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီအချိန်က ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ ရန်အောင်မြင်တံတားအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် အင်းကုန်း အခြေခံပညာမူလတန်း(လွန်)ကျောင်း၌  မိုးရာသီ လူထုလှုပ်ရှားမှုဖြင့် စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ
Jul 14,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုဖြင့် စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၄ ရက် နံနက် ၈ နာရီက ကျောက်ဆည် မြို့နယ်အင်းကုန်း အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။