သတင်းများ

ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို တတိယအကြိမ်ပေးအပ်လျက်ရှိ
Sep 12,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိ နေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများအားတတိယအကြိမ်ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ဒုတိယနေ့အဖြစ်ဆက်လက်‌ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရတနာစာသင်ဆောင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက်  မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေး
Sep 12,2025
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများက  အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုများကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းခုတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကျင်းပ
Sep 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့မတပ်ဦးဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၃၈၇)အမြှောက်တပ်ရင်းရှိ ဘုရင့်နောင်ခန်းမတို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးသရုပ်ပြခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေး
Sep 12,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
လဲချားမြို့နယ်ရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများထုတ်ပေး
Sep 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများအား ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိပါသည်။
မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီက မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
မကွေးမြို့နယ်၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Sep 12,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ မီးလန့်မှု၊ မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အောင်မေတ္တာရပ်ကွက်(၃)လမ်းရှိ “စိတ်ကြိုက်” ကာရာအိုကေနှင့် စင်တင်စားသောက်ဆိုင်လုပ်ငန်း၊ ကံသာကြီးကျေးရွာရှိ “အောင်” စက်သုံးဆီ အရောင်းဆိုင်တို့အား မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများအား မကွေးခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်စင်ဦးစီး‌၍ မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။