ကျောက်ဆည်မြို့နယ်၌  ရန်ကုန်-မန္တလေးကားလမ်းနှင့် အင်ဒိုင်းကျေးရွာအဝင်လမ်းအား ချောမွေ့စွာသွားလာနိုင်ရေး ကျောက်ရောမြေခင်းပေး

ကျောက်ဆည် ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြိုနယ်ကျေးလက်လမ်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်လမ်းများအား ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်-မန္တလေး ကားလမ်းမကြီးနှင့် အင်ဒိုင်းကျေးရွာ အဝင်လမ်းအား ချောမွေ့စွာသွားလာနိုင်ရေး ကျောက်ရော မြေခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ကျောက်ရောမြေခင်းပေးခြင်းလုပ်ငန်းများကို ဇူလိုင် ၁၂ ရက်နေ့မှစတင်၍ မန္တလေးတိုင်းဒေသကြီး ခွင့်ပြုငွေ ၁၁ ဒဿမ ၉၉၀ ကျပ်သန်းဖြင့် လမ်းအရှည် ၀/၂ ဒဿမ ၅ မိုင်၊ အကျယ် ၁၅ ပေ၊ ထု ၄ လက်မ ကျောက်ရောမြေများခင်းပေးခဲ့ရာ ဇူလိုင် ၁၃ ရက်နေ့တွင် လုပ်ငန်းများအားလုံး ပြီးစီးခဲ့ကြောင်းနှင့် ကျောက်ရောမြေလမ်းခင်းပေးခြင်းဖြင့် အင်ဒိုင်းကျေးရွာမှ အိမ်ခြေ ၃၆၇ အိမ်၊ လူဦးရေ ၂၁၂၃ ဦးတို့ အခြားဒေသများနှင့် ကူးလူးသွားလာရာ၌ များစွာအဆင်ပြေသွားသည့်အတွက်  ပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)