ကလေးမြို့၌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ကျင်းပ
Jul 14,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးငွန်ဘွလ်ထန်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်းသိရသည်။