သတင်းများ

ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကျေးလက်တောရွာများအထိ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Feb 11,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ပုလုံးတံတုံးကျေးရွာအုပ်စု၊ ပုလုံးတုံတုံးကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Feb 11,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်နေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပ 
Feb 11,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန်အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် U23 အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 11,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်မီတာလေးရာ ပြည်သူ့ အားကစားကွင်းတွင် မြို့နယ်အးကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် U23 အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ် ကျေးရွာအုပ်စုသုံးအုပ်စုတွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် အထူးဇုံဧက (၂၅၀) စိုက်ပျိုးသွားမည်ဖြစ်ပြီး အထူးဇုံဧကများအတွက် ပံ့ပိုးပစ္စည်းများပေးအပ်
Feb 11,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် အထူးဇုံဧက (၂၅၀) ကို ကျေးရွာ အုပ်စုသုံးအုပ်စု၌ စိုက်ပျိုးသွားမည်ဖြစ်ပြီး အထူးဇုံဧကများအတွက် ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ပြုလုပ်ကြောင်း သိရသည်။
မူဆယ်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်
Feb 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြို အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး တက္ကသိုလ်များအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကျင်းပ
Feb 11,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်‌ထောင်စုနေ့အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး တက္ကသိုလ်များအဆင့် စာစီ စာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲများ၏ ဆုပေးပွဲအခမ်းနားကို ယနေ့မွန်းလွဲ (၃) နာရီအချိန်က မကွေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေး
Feb 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီမှ ညနေ (၃)နာရီအထိ ရန်ကုန်သစ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။