သတင်းများ

ဇီးကုန်းမြို့နယ် သံဃာ့နာယက အဖွဲ့အစည်းအဆင့်ဆင့် အနားယူ/အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကျင်းပ
Feb 11,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၊ သမားတော်ကျောင်းတိုက် ရွှေပြည်တန် ဗိမာန်တော်၌ ဗုဒ္ဓဘာသာ သာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်စွာအရှည်ခံ့၍ တည်တံ့ပြန့်ပွားရေးအတွက် မြို့နယ် သံဃနာယကအဖွဲ့မှ အနားယူလစ်လပ်သွားသော သံဃနာယကနေရာများတွင် အစားထိုးရွေးချယ်ရန် သံဃာ့နာယက အဖွဲ့အစည်းအဆင့်ဆင့် (အနားယူ /အစားထိုး) ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
တနိုင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် Tanai Idol ပြိုင်ပွဲ ကျင်းပ
Feb 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Tanai Idol ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ကင်ဆားရာရပ်ကွက်၊ မြို့နယ်အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
တနိုင်းမြို့နယ်တွင် အခြေခံပညာမူလတန်းလွန် ကင်ဆားရာကျောင်းမှ အခြေခံပညာ အလယ်တန်း ကင်ဆားရာကျောင်း(ခွဲ)သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်
Feb 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာမူလတန်းလွန် ကင်ဆားရာ ကျောင်းမှ အခြေခံပညာအလယ်တန်း ကင်ဆားရာကျောင်း (ခွဲ) သို့ အဆင့်မြှင့်တင်ဖွင့်လှစ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြ
Feb 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေး လုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသ ခြင်းကို ယမန်နေ့ UP စက်သုံးဆီ အရောင်းဆိုင်ရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်စွမ်းမြင့်မားလာနိုင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပ
Feb 11,2022
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သံတွဲခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှကြီးမှူးကျင်းပသည့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်စွမ်း မြင့်မားလာနိုင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။
မိတ္ထီလာမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Feb 11,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဥကပ်ပါးနကျယ် ဓာတ်ခွဲခန်းဖွင့်ပွဲ၊ အမယ်စုံသီးနှံမျိုးစေ့ ပြပွဲနှင့်ရွက်ဖြန်း အားဆေးပြုလုပ်ပြသပွဲ ကျင်းပ
Feb 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်၈နာရီ အချိန်က စိုက်ပျိုးထားသည့် သီးနှံများ ဇီဝနည်းဖြင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဥကပ်ပါးနကျယ် ဓာတ်ခွဲခန်း ဖွင့်ပွဲ၊ ရာသီမရွေး စိုက်ပျိုးနိုင်သည့် အမယ်စုံ သီးနှံ မျိုးစေ့ ပြပွဲ၊ ကုန်ကျစရိတ် သက်သာပြီး မိသားစုလုပ်အားဖြင့် ပြုလုပ်နိုင်သည့် ရွက်ဖြန်းအားဆေး ပြုလုပ်ပြသပွဲများ ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့ ပတကျေးရွာအုပ်စု ဂါတ်တဲကုန်း-ပတချောင်းနား ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး
Feb 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေ ပြည်သူများသွားလာမှု အဆင်‌ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ပတကျေးရွာအုပ်စု ဂါတ်တဲကုန်း-ပတချောင်းနား ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။