နောင်ချို ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိုးလုံလေလုံ လေ့ကျင့်ရေး အားကစားရုံး၌ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကာ ကော်မတီဥက္ကဋ္ဌ ဖလား ပိုက်ကျော်ခြင်း(သုံးယောက်တွဲ) ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲသို့ ကျေးရွာအုပ်စု(၄)အုပ်စုမှ အသင်း(၁၈)သင်း ပါဝင်ယှဉ်ပြိုင် လျက်ရှိကြောင်း၊ အသင်းတစ် သင်းလျှင်(၃)ဦးနှင့် အရန်(၁)ဦး၊ စုစုပေါင်း(၄)ဦး ပါဝင်ယှဉ်ပြိုင်ခွင့် ရှိကြောင်း၊ ပြိုင်ပွဲကို ဖေဖော်ဝါရီ(၁၁)ရက်နှင့် (၁၂)ရက်နေ့များတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဗိုလ်လုပွဲတွင် အနိုင်ရရှိသော အသင်း ၃ သင်းအာ ပထမဆု ကျပ် တစ်သိန်းငါးသောင်း၊ ဒုတိယဆု ကျပ်တစ်သိန်း၊ တတိယဆုကျပ် ခုနှစ်သောင်းနှုန်းဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့၌ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ “မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)