ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေးမြစ်ရေတင်စီမံကိန်းဆောင် ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရေစုပ်စက်နှင့်စက်ပစ္စည်းများ တပ်ဆင်အသုံးပြုမည့် Pontoon ဆောင်ရွက်နေမှုအခြေအနေ၊ ထရန်စဖော်မာတပ်ဆင်ပြီးစီးမှု အခြေအနေ၊ ဆိုလာပြားများ တပ်ဆင်မည့် နေရာဆောင်ရွက်နေမှု အခြေအနေ၊ ရေပိုက်လမ်းသွယ်တန်းနေမှု အခြေအနေများနှင့် ရေလှောင်ကန် ဆည်တည်ဆောက်မည့် နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြစ်ရေတင်စီမံကိန်းအတွက်လိုအပ်သည့် လုပ်ငန်စဉ်များ နှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ အင်ဂျင်နီယာဦးမြင့်ကောင်းမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးပါက ညံတောအင်းကျေးရွာရှိ စိုက်ဧက (၂၀၀)ကျော်အတွက် စိုက်ပျိုးရေအလုံအလောက် ရရှိမည်ဖြစ်ပြီး ရွာသူ၊ ရွာသားအားလုံးအတွက် အကျိုးကျေးဇူး ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း (ပြန်/ဆက်)