ရွှေသောင်ယံ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ်(TalkShow)ကို ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ (Talk Show) အစီအစဉ်တွင် ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်နှင့် အမှတ်(၁၉၂) အခြေခံပညာ မူလတန်းကျောင်း၊ သဲကုန်းကျေးရွာ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနိုင်တို့မှ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ပြောကြားခဲ့ကြသည်။
ဆွေးနွေးရာတွင် ပြည်ထောင်စုစိတ်ဓါတ်ကြောင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရခြင်း ဖြစ်သလို ပြည်ထောင်စုနေ့ကြောင့်လည်း မြန်မာ့လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံ၏ သမိုင်းအတွက် မမေ့အပ်သော နေ့ထူးနေ့မြတ်ကြီးဖြစ်ကြောင်း ပြည်ထောင်စု စိတ်ဓါတ်ကို မွေးမြူရင်းဖြင့် ပြည်ထောင်စု မပြိုကွဲရေးကို အသက်ထက်ဆုံး ကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း စသည်ဖြင့် ပြည်ထောင်စုနေ့အကြောင်း သိအပ်စရာများကို ပြောကြားကာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် (TalkShow)အဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ကိုကိုမောင်