ကျောင်းကုန်း ဖေဖော်ဝါရီ ၁၁
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ညောင်ပင်သာလမ်း ကွန်ကရစ် လမ်းသစ်ဖွင့် လှစ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲ အချိန်ခန့်ကကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာ စကားပြောကြားပြီး၊ အဖွဲ့ဝင်(၂) မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မောင် က ထပ်ဆင့် အမှာစကား ပြောကြားခဲ့သည်။
ရပ်မိရပ်ဖ ဦးခင်မောင်စိုးဦးကကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၂)ဦး တင်မောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ညောင်ပင်သာလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို အလျှား ၄၄၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မဖြစ်ပြီး၊ တင်ဒါအောင်မြင်ငွေကျပ်(၈၈)သိန်းကျော်ဖြင့် လည်းကောင်း၊ ညောင်ပင်သာလမ်း Box Culvert တည်ဆောက်ခြင်း လုပ်ငန်းကို အလျှား ၁၈ ပေ၊ အကျယ် ၅ ပေခွဲနှင့် အမြင့်၅ ပေဖြစ်ပြီး၊ တင်ဒါအောင်မြင်ငွေကျပ်(၁၇)သိန်းကျော်ဖြင့် လည်းကောင်း Emerald Delta ကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခု (၆)လ ကာလ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ကတ္တရာလမ်း(၁)လမ်း၊ ကွန်ကရစ်လမ်း (၃)လမ်း၊ ကျောက်ချောလမ်း (၂)လမ်း၊ Box Culvert (၄)ခုနှင့် ကမ်းနားလမ်း ViewPoint လက်ရန်းတပ်ဆင်ခြင်း အပါအဝင်စုစု ပေါင်းလုပ်ငန်း(၁၁)ခုအား တင်ဒါအောင်ငွေကျပ် (၈၄.၈၅)သန်းဖြင့် Emerald Deltaကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)