သံတောင်ကြီး ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နံရံကပ်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင် ပြပွဲအားယနေ့နံနက် (၁၀)နာရီ အချိန်က ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမနှင့် ရုံးရှေ့ တွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသူ/သားများ၊လူငယ်လူရွယ်များအနေဖြင့် ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိစေရန်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်း သိရှိစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွား လာစေခြင်းကို သိရှိစေရန်၊ စာဖတ်ခြင်းအလေ့အကောင်းများရရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြပွဲများ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူထံက သိရသည်။
အဆိုပါ နံရံကပ်၊ ဓါတ်ပုံ၊ စာအုပ်စာစောင်ပြပွဲတွင် သံတောင်ကြီးမြို့ပေါ်ရှိ ဒေသခံပြည်သူများ၊ လူ ငယ်လူရွယ်များ၊ ကလေးသူငယ်များကစိတ်ပါဝင်စားစွာ လာရောက်လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
စောမင်းသား(ပြန်/ဆက်)