ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရေဖြူ  ဖေဖော်ဝါရီ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက အောင်သာဝတီခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင်  အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး၊  ကိုဗစ် စင်တာများဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ ပရဟိတအသင်းများအနေဖြင့် စင်တာများ လူနာများကို အကူ အညီပေးနိုင်ရေး ကြိုတင်ညှိနှိုင်းကာ ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးမြင့်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ပရဟိအသင်းများနှင့် ကြက်ခြေနီအသင်းဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ခတ္တာ (ရေဖြူ)