မြင်းခြံမြို့၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

မြင်းခြံ ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈) နာရီအချိန်တွင် ဌာနဆိုင်ရာများမှ ဝန်ထမ်းများသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက် ( ၅ ) ရပ် ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားကိုယ်စားလှယ် (၂၃) ဦး၏ နာမည်များ၊ "ပြည်ထောင်စု သား ဒို့လက်များသည်" ကဗျာ၊ (၁၂-၂-၂၀၂၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၀-၂-၁၉၄၇ ရက်နေ့တွင် ပင်လုံမြို့ စော်ဘွားများထမင်းစားပွဲတွင် ပြောကြားသော မိန့်ခွန်းများမှ ကောက်နုတ်ချက်၊ အစဉ် အလေးထားရမည့် ပြည်ထောင်စုနေ့ ဆောင်ပုဒ်၊ ရင်းနှီးချစ်ကြည် တွဲလက်ညီ ပြည်ထောင်စုဘွား တိုင်းရင်းသား/ ညီညွတ်ခြင်းသည် အင်အား၊ တိုင်းရင်းသားများ လက်တွဲထား၊ ပြည်ထောင်စု၏ ပြည့်ခွန်အား ဆောင်ပုဒ်များ၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကာတွန်းများပါ လက်ကမ်းစာစောင်များကို မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီး မှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများက စောင်ရေ (၁၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)