ချမ်းအေးသာစံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ချမ်းအေးသာစံ     ဖေဖော်ဝါရီ      ၁၁

မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်  ကျရောက်မည့် (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်   သတင်းစကား  လက်ကမ်းစာစောင်များကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ မန္တလေးမြို့တော်ခန်းမရှိ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့တွင် ယနေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။

ယင်းအသိပညာပေး သတင်းစကား လက်ကမ်းစာစောင်တွင်  (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့  အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်(၁၂-၂-၂၀၂၁) ရက်နေ့တွင်   နိုင်ငံတော်အခြေအနေ   အရပ်ရပ်အား   ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ ကာတွန်း၊ ကဗျာနှင့် ပင်လုံစာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားကိုယ်စားလှယ်(၂၃)ဦးတို့၏ အမည်နှင့်ကိုယ်စားပြုဒေသများအစ ရှိသည်တို့ပါရှိကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ချမ်းအေးသားစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆရာ၊ ဆရာမများ၊ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများ  ပြည်ထောင်စုနေ့ကို အစဉ်လေးစားတန်ဖိုးထားနိုင်စေရန် ရည်ရွယ်၍  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်