သတင်းများ

ကျောက်ပန်းတောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ
Feb 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အလံတင်အခမ်း အနားကို ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေပို့သော သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နံနက် ၇ နာရီ ၄၀ မိနစ်အချိန်တွင် လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလေးပြုကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဘားအံ၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 13,2022
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်း၊ ဒုံးစင်မြင့်၌ စည်ကားသိုက် မြိုက်စွာ ကျင်းပသည်။
ထန်းတပင်မြို့နယ်တွင်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
Feb 13,2022
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်(၅)နာရီအချိန်မှ စတင်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြု လုပ်ခဲ့ကြကြောင်းသိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး
Feb 13,2022
ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်အနောက်ပိုင်းခရိုင် ၊လှိုင်မြို့နယ်၌ ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ်၊ အမှတ် ၁၂ရပ်ကွက်၊ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ် -၁၉ကုသရေးစင်တာတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ရပ်ကွက(၁၆)ရပ်ကွက်ရှိအသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ်ရုရှားနိုင်ငံထုတ် (Sputnik Light) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူ(၅၀၀)ဦးနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinovac)ထိုးနှံသူစုစုပေါင်း(၁၃၁)ဦးအားထိုးနှံပေးခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများဖွင့်လှစ်
Feb 13,2022
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာများ နှင့် လူမှုရေးအဖွဲ့အစည်းများ၊ စာရေးဆရာများ၏ စာအုပ်၊ စာပေပြခန်းများနှင့် ရခိုင်ရိုးရာ(ပိုင်စရာ) အစားအစာပြခန်းများဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ကျင်းပ သည်။
ပုသိမ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာဖတ် ဝိုင်းကျင်းပ
Feb 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက လူထုစိန်ဝင်းရေးသားသော မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်​ထောင်စု​နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့်ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ပန်းချီ၊ကျပန်းစကား​ပြောပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်း အနားကျင်းပ​
Feb 13,2022
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်​ထောင်စု​နေ့အခမ်းအနားသဝဏ် လွှာဖတ် ကြားခြင်းနှင့် ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကား​ပြောပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ ခွဲက မွန်ပြည်နယ် မုဒုံမြို့​နယ် မြို့မ(၂)ရပ်ကွက်ရှိ လွပ်လတ်ရေးကျောက်တိုင်၌ ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား (၁၀) ဦးအား ပြန်လွှတ်ပေးသည့် အခမ်းအနား ကျင်းပ
Feb 13,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား (၁၀) ဦးအား ပြန်လွှတ်ပေးသည့် အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ အကျဉ်းဦးစီးဌာန ကိုးပင်-သာစည် (စိုက်/မွေး) စခန်းတွင် ကျင်းပပြုလုပ် ခဲ့သည်။