ဝေါလေမြိုင် ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါလေမြိုင်မြို့၌ ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဝေါလေမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီက အဖွင့်အမှာစကား ပြောကြားပြီးနောက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။
ထို့နောက် ဝေါလေမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်အေးက အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား မိဘများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်မျိုးသင်း