သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်နှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

သံတောင်ကြီး   ဖေဖော်ဝါရီ  ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကိုယနေ့နေ့လည်(၁)နာရီ အချိန်က သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနော်လော်မူက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့ နှင့်ပတ် သက်သည့်အကြောင်းအရာများ၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် ဉာဏ်ပညာစွမ်းရည်၊ အတွေးအခေါ် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စု နေ့ဖြစ်ပေါ်လာသည့် အကြောင်းအရာများကို သိရှိလာစေရန်အတွက်  ရည်ရွယ်၍ပြုလုပ်ပေးခဲ့ခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ဆောင်ရွက်ပေးရာ သံတောင်ကြီးမြို့ပေါ်ရှိ ကျောင်းသူ/ကျောင်းသားများက ကဗျာရွတ်ပြိုင်ပွဲတွင်(၉)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရ ရှိသူများအား မြို့နယ်ဦးစီးမှူးနော်လော်မူနှင့် ဝန်ထမ်းများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)