သတင်းများ

ညောင်လေးပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ဆောင်ရွက်
Jan 19,2022
ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်တွင် "အိုမီခရွန်" အကြောင်းသိကောင်းစရာများအကြောင်းကို ပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍  အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Jan 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန့်နေ့ ညနေ(၃)နာရီက မူလတန်း (အထက်ဆင့်)  ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့၊ မူလတန်းလွန်(ဗဟို)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၁၀)ဦးတို့က ပုံပြင် ခေါင်းစဉ်အမျိုးမျိုးဖြင့် ပြိုင်ပွဲဝင်ခဲ့ကြသည်။
ပခုက္ကူခရိုင်အဆင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အမာမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ဇန်နဝါရီလ ၁၉ ရက် နေ့လည် (၁)နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန် ရောဂါ ကာကွယ်ရေးအရှိန်အဟုန်မြှင့် နှိုးဆော်
Jan 19,2022
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယနေ့နံနက် ၁၀နာရီ က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ သစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့တွင်လမ်းမကြီးတစ်လျှောက်နှင့် ရပ်ကွက်လမ်းသွယ်တို့၌ အသံချဲ့စက်ဖြင့် အရှိန်အဟုန်မြှင့် နှိုးဆော်ပေးသည်။
ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်
Jan 19,2022
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန် ဖြစ်ပွားနေသည့် အတွက်ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့နေ ပြည်သူများအား ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း ၉ နာရီခွဲ အချိန်ခန့်တွင် ကျိုင်းတောင်းမြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ
Jan 19,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပခြင်းကို ဇန်န ဝါရီလ (၁၉)ရက်၊ မွန်းလွဲ(၂)နာရီက မြို့နယ်ရုံး (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးအစီအစဉ်များ Online မှတစ်ဆင့်ဆောင်ရွက်ပေး
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ‌မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်မှ ကျောင်းသားကျောင်းသူကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊စာပေနှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ၊ စာအုပ်မိတ်ဆက်ခြင်းလုပ်ငန်းများအားမြို့နယ်ရုံးဝန်ထမ်းများမှထုတ်လွှင့်တင်ဆက်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအနေဖြင့် စာကြည့် တိုက်သို့မလာရောက်နိုင်သည့်အချိန်တွင်   နေအိမ်မှတစ်ဆင့် Online အသုံးပြု၍ အလွယ်တကူ စာပေဖတ်ရှုနိုင်စေရေး ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိပါသည်။